Main menu

မှော်ဘီမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင် Star Hight-2 အား အသိပညာပေးဟောပြာခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ တပ်ကြီးကုန်း ကျေးရွာရှိ Star Hight-2 ဆိုင်တွင် (၇.၅.၂၀၂၄)ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် မှော်ဘီ မြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုတိယကြီးကြပ်ရေးမှူးက ဆိုင်တာဝန်ခံ ဦးစိုးသီဟနှင့် ဆိုင်ဝန်ထမ်းအား အသိပညာပေး ဟောပြောရာတွင် မိမိတို့ဦးစီးဌာန၏ မိတ်ဆက်အမှာစကား ပြောကြားပြီး စက်သုံးဆီ ဈေးနှုန်း၊ ဆီပြတ်လပ်မှုရှိ/မရှိ၊ နေ့စဉ်ဆီဘောက်ဆာကားဝင်ရောက်မှု၊ စက်သုံးဆီလက်ကျန်အခြေ အနေများကို အချိန်နှင့်တပြေးညီစာရင်းပြုစုပေးပို့ရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေး ဟောပြောခဲ့ပါသည်။

DOCA(ရန်ကုန်)