Main menu

တောင်ငူမြို့မှ ရာသီပေါ်ဟင်းသီးဟင်းရွက်များ ရောင်းအားကောင်း

Powered by Drupal

      တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရာသီပေါ် ဟင်းသီးဟင်းရွက်များ လာရောက်ရောင်းချလျက်ရှိရာ စရစ်ရိုးများမှာ ပေါ်ခါစ၌ တစ်စည်းလျှင် ၃၀၀ကျပ်၊ (၄)စည်းယူလျှင် ၁၀၀၀ကျပ်ပေးရပြီး ၂၀၂၄ခုနှစ်၊ မေလအစပိုင်းတွင် ရောင်းချသောဈေးနှုန်းအနေဖြင့် တစ်စည်းလျှင် ၂၅၀ကျပ်၊ (၄)စည်းယူလျှင် (၁၀၀၀)ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

      ပဒပ်စာမှာ ပေါ်ခါစတွင် တစ်စည်းလျှင် ၂၅၀ကျပ်၊ (၅)စည်းယူလျှင် ၁၀၀၀ကျပ်ပေးရပြီး မေလ ပထမပတ်တွင် တစ်စည်းလျှင် ၂၀၀ကျပ်၊ (၁၀)စည်းယူလျှင် ၁၅၀၀ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းလာခဲ့ပါသည်။      

        နွေရာသီတွင် လူအများအကြိုက် အချဉ်ဟင်းချက်စားကြသည့် မန်ကျည်းရွက်မှာ မေလ ပထမပတ်တွင်ရောင်းချသော ဈေးနှုန်းအရ  ၁၀ကျပ်သားလျှင် ၁၀၀၀ကျပ်၊ ဥသျှစ်ရွက်မှာလည်း ၁၀ကျပ်သားလျှင် ၁၀၀၀ကျပ်ရှိကြောင်းနှင့် ရာသီပေါ်ဟင်းသီးဟင်းရွက်များမှာ ရောင်းရလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှသိရှိရပါသည်။

DOCA(ပဲခူး)