Main menu

ရာသီတုံးစပြုစတော်ဘယ်ရီများ ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်

Powered by Drupal

     လွန်ခဲ့သော ဧပြီလတွင် စတော်ဘယ်ရီသီးများ လှိုင်လှိုင်ထွက်ရှိခဲ့ပြီး ဒေသမျိုးစတော်ဘယ်ရီ (၁)ပိဿာလျှင် ၃၅၀ဝိ/- ကျပ်မှ ၄၀၀ဝိ/-ကျပ်အတွင်းလည်းကောင်း ဂျပန်မျိုးစတော်ဘယ်ရီ (၁) ပိဿာလျှင် ၆၅၀ဝိ/- ကျပ်မှ ၈၀၀ဝိ/-ကျပ်အတွင်းလည်းကောင်း ပေါက်ဈေးရှိခဲ့သော်လည်း ယခုမေလအတွင်းတွင် အထွက်နှုန်းနည်းပါးပြီး အသီးများတုံးစပြုလာသည့်အပြင် ရာသီဥတုပူပြင်းမှုကြောင့် စတော်ဘယ်ရီသီးနှံဖျော်ရည်ဈေးကွက်တွင်လည်း ဝယ်လိုအားများပြားခြင်းကြောင့် ဈေးနှုန်း များ ပြန်လည်မြင့်တက်လာခဲ့ပါသည်။

    ယခုမေလအတွင်း ဒေသမျိုးစတော်ဘယ်ရီသီး (၁)ပိဿာလျှင် ၅၀၀ဝိ/- ကျပ်မှ ၆၅၀ဝိ/-ကျပ်အထိလည်းကောင်း၊ ဂျပန်မျိုးစတော်ဘယ်ရီ (၁)ပိဿာလျှင် ၇၅၀ဝိ/- ကျပ်မှ ၉၀၀ဝိ/-ကျပ်အထိလည်းကောင်း ပြန်လည်မြင့်တက်လာကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)