Main menu

ကုန်အညွှန်းအမှတ်အသား ရွေးချယ်တတ်စေရေး ဟောပြောဆွေးနွေး အသိပညာပေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျွန်းလှမြို့နယ် တာဝန်ခံ ဒေါ်ဝေဝေအောင်သည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန် ၊ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၆.၅.၂၀၂၄) ရက်နေ့ နံနက်(၀၉:၃၀) နာရီ အချိန်တွင်  ကျွန်းလှမြို့ခေတ်ကြိုက် သောက်ရေသန့်စက်ရုံ မန်နေဂျာနှင့် အလုပ်သမားများအား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က သောက်ရေသန့်စက်ရုံမန်နေဂျာနှင့် အလုပ်သမားများအား စားသုံးသူများအနေနဲ့ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်တာဝန်(၄)ချက် ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ မိမိထုတ်လုပ်သည့် ကုန်ပစ္စည်းအေပါ်တွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် နှင့်အညီ မြန်မာဘာသာဖြင့် သိသာ ထင်ရှားစွာ ဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များကို ပြည့်စုံစွာ ထည့်သွင်း ဖော်ပြ၍  ထုတ်လုပ် ဖြန့်ဖြူးရန် ကုန်အညွှန်း အမှတ်အသားပြည့်စုံသည့် ကုန်ပစ္စည်း များကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် နှင့် စားသုံးသူ နစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြား နိုင်ကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် မိမိတို့ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ (CICC) တွင်လည်းကောင်း ၊ Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊  မိမိတို့ဌာန Website ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း တိုင်ကြားနိုင်ပြီး စားသုံးသူကိစ္စရပ်များ စုံစမ်းမေးမြန်းရန်အတွက် Call Center No. 1535 အား ရုံးချိန်အတွင်း ဖွင့်လှစ်ထားရှိကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက် ချက်များအကြောင်း သိရှိလိုပါက Website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း သောက်ရေသန့်စက်ရုံ မန်နေဂျာနှင့် အလုပ်သမားများ စုစုပေါင်း(၁၁)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး (၂/၂၀၁၉) ညွန်ကြားချက်ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)