Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှတင်ပို့ရောင်းချသည့် စားအုန်းဆီများ‌ရောက်ရှိ

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်‌နေ့၊ နံနက် (၀၉း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ကောင်းဆက်ဟိန်း ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းသို့  ယာဉ်အမှတ် 2C/4296 ၊ NISSAN DIESEL မော်တော်ယာဉ်ဖြင့်   တင်ဆောင်လာသော စားအုန်းဆီ ၁ ပေပါလျှင် ပိဿာ ၁၁၀ ပါသည့် စားအုန်းဆီ ၆၀ ပေပါ ရောက်ရှိလာခဲ့သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစိးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီ ၆၀ ပေပါအား ထားဝယ်မြို့တွင်း အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင် အပါအဝင်အထိုင်ရောင်းချနေသည့် ဆီဆိုင် ၁၄ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)