Main menu

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ လစဉ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ၊  ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း  ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကိုလည်း လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ခုနှစ်၊ ဧပြီလ(၁-၄-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းရှိ “ပေါ်ဦး” သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံကွင်းဆင်းခြင်း(၁)ကြိမ်၊ ဧပြီလ(၂-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်အတွင်းရှိ “ရှိန်းရှိန်း” မုန့်မျိုးစုံနှင့် အကြော်စုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်း(၁)ကြိမ်၊ ဧပြီလ(၂-၄-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝန်ထမ်းများနှင် အလုပ်သများများအား စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ (၁) ကြိမ်ကျင်းပပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအား မိမိတို့လိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြရန်နှင့် ကုန်အညွှန်းအမှတ်အသားများမပြည့်စုံပါက စားသုံးသူရေးရာဦးစီးဌာနသို့ လျှောက်ထားကြရန်လိုအပ်ကြောင်း၊ ထိုသို့လျှောက်ထားရာ၌ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အခမဲ့ကူညီဆောင်ရွက်ပေးနေကြောင်းနှင့် ဟောပြောပွဲတွင်လည်း စားသုံးသူပြည်သူများသည်  စားသုံးသူအခွင့်အရေး(၈)ချက်ကိုသိရှိပြီး အခွင့်အရေးများတောင်းဆိုတတ်စေရန်အတွက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့်  စားသုံးသူပြည်သူများလိုက်နာဆောင်ရွက်ရမည့် တာဝန်(၄)ချက်တို့ကို အကျယ်တဝင့်ဟောပြောခဲ့ပြီး  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)