Main menu

စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဧရာဝတီတိုင်းဒေသကြီး ငါးကန် ကြည့်ရှု့ စစ်ဆေးခြင်း ခရီးစဉ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်၊ (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်နှင့် အဖွဲ့သည် (၂၄.၄.၂၀၂၄ ရက်နေ့မှ ၂၅.၄.၂၀၂၄) နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း၊ မအူပင်ခရိုင်အတွင်းရှိ ငါးကန်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

    (၂၅.၄.၂၀၂၄) ရက်နေ့တွင် မအူပင်ခရိုင် ညောင်တုန်းမြို့ရှိ Good Brother Co,Ltd သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး၊ ညောင်တုန်းမြို့နယ် ငါးကန်(၁၇.၅၁) ဧကနှင့် မအူပင်မြို့နယ် အလန်းကျေးရွာရှိ (၄၁.၇၇)ဧက  ငါးမွေးမြူရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ငါးကန်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍  ငါးမွေးမြူ ရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှု ဒဏ်ကို ကာကွယ်ရန် ကန်ရေများရေငွေပြန်ပြီး ရေလျော့နည်း ကျဆင်းလာသဖြင့် ရေခန်းလာခြင်းကြောင့် သန့်ရှင်းသော ရေဖြည့်သွင်းပေးရန်၊  ငါးစာကျွေးလွန်ကဲခြင်းကြောင့် စားကြွင်းစာကျန်များကြောင့်လည်းကောင်း၊ ရေထုညစ်ညမ်းပြီး ဆက်စပ်၍ ငါးရောဂါကျရောက်တက်သဖြင့် ငါးစာလျော့ကျွေးရန်၊  ရေတွင်ပျော်ဝင်သော အောက်စီဂျင်မြင့်တက်စေရေး ဆောင်ရွက်ပေးရန်၊  ကန်အခြေအနေနှင့် ရေအရည် အသွေးပြောင်းလဲမှု အခြေအနေများကို နေ့စဉ်ပုံမှန်စစ်ဆေးပါရန်၊ ငါးမွေးမြူကန်၌ ပုံမှန်မဟုတ်သော အခြေအနေပြောင်းလဲခြင်းမျိုးများ ဖြစ်ပေါ်လာပါက အနီးဆုံး ငါးလုပ်ငန်းဦးစီးဌာနသို့လည်း ချိတ်ဆက်ဆက်သွယ် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး၊ ငါးမွေးမြူရေးလုပ်ငန်းရှင်မှ တင်ပြရှင်းလင်းချက်များကို ဌာနအနေဖြင့် ဆောင်ရွက်နိုင်သောအချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)