Main menu

ကျိုက်လတ်မြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီ(ဘူးဆီ) ရောင်းချသည့် ကုန်မျိုးစုံ ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ(၂၂) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီ(ဘူးဆီ) ရောင်းချသည့် ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

 အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်တာဝန်ခံမှ ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီ(ဘူးဆီ)များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ FDA ထောက်ခံချက်နှင့် အသားတင်အလေးချိန် ဖော်ပြထားခြင်းရှိ/မရှိ Goody ၊ Mazin ၊ အမေထွား ၊ ရန်ကုန်ပဲဆီသန့်စသော (ဘူးဆီ)များအား ကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခဲ့ရာ ပြည့်စုံစွာ ဖော်ပြထားကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)