Main menu

သာယာဝတီခရိုင်အတွင်း မြို့နယ်များတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချခြင်းပြုလုပ်

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့များ၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ကြီးကြပ်မှုဖြင့် ထိုမြို့နယ်များအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများ ပူးပေါင်းကာ ၂၀၂၃ခုနှစ် ဇွန်လမှ စတင်၍ ယခု၂၀၂၄ခုနှစ် ဧပြီလအထိ အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်း သက်သာစွာဖြင့် ပြည်သူများထံသို့ နေ့စဉ်ရောင်းချလျက်ရှိပါသည်။

          အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါး၊ ကြက်ဥနှင့်ဟင်းသီးဟင်းသီးရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဒေသခံ ပြည်သူများကို နေ့စဉ်နံနက် (၀၇:၀၀) နာရီမှစတင်၍ ရောင်းချပေးလျက်ရှိပါသည်။ ၂၀၂၄ခုနှစ် ဧပြီလအတွင်းသင်္ကြန်ရက်ပိုင်းမှ ယခုဧပြီလနောက်ဆုံးပတ်အတွင်း ရောင်းချလျက်ရှိသော ဈေးနှုန်းများအနေဖြင့် စားသုံးသူပြည်သူများအား ဆန်တစ်ပြည်လျှင် ၃၁၀၀ ကျပ်၊ ဆန်တစ်ပြည် လျှင် ၂၅၀၀ ကျပ်၊ ကြက်သား(စီပီ) အကောင်လိုက်တစ်ပိဿာလျှင် ၈၀၀၀-၉၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၁၃၀၀၀ ကျပ်၊  အမဲသားတစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ ၅၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၂၃၀ ကျပ်၊ ဘဲဥတစ်လုံး ၃၅၀ ကျပ်ဖြင့် အသီးသီးရောင်းချပေးလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)