Main menu

အုတ်ဖိုမြို့နယ်တွင် ဘိလပ်မြေရောင်းချမှု အခြေအနေအားကွင်းဆင်းခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်းများသည် (၂၅.၄.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် အုတ်ဖိုမြို့နယ်အတွင်းရှိ အိမ်ဆောက် ပစ္စည်းဆိုင်များသို့ ဈေးနှုန်းစာရင်းများနှင့် ပစ္စည်းများရောင်းချမှု လက်ကျန် စာရင်းများ  တင်သွင်းမှု၊ အခြေအနေများအား  သွားရောက်ကြည့်ရှုမေးမြန်းခဲ့ပါသည်။

          ထိုသို့စုံစမ်းရာတွင် အုတ်ဖိုမြို့နယ်အတွင်း ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ အဓိက ထား ရောင်းချနေသော ဆိုင်ကြီး(၃)ဆိုင်အားစုံစမ်းရာ လတ်တလော အခြေအနေတွင် ဘိလပ်မြေ ပစ္စည်းများ ပြတ်လျက်ရှိကြောင်း၊ ဝယ်ယူမှုအခြေအနေအရ (၁၀၈၀၀)ကျပ်အထိ ဝယ်ယူရကြောင်း၊ သယ်ယူစရိတ် အပါအဝင် (၁၄၀၀၀)ကျပ်ဈေးနှုန်းဖြင့်  ပြန်လည်ရောင်းချပါကြောင်း Alpha တံဆိပ်ဘိလပ်မြေတစ်မျိုးတည်းသာ ရောင်းချပါကြောင်းကို အောင်ကမ္ဘာ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်ရှိ တာဝန်ရှိသူထံမှ သိရှိရပြီး လှိုင်သုခ၊ အောင်မြင့်မိုရ် စသောဆိုင်များတွင်လည်း ပစ္စည်းပြတ်/လက်ကျန် မရှိဖြစ်နေပြီး ဘိလပ်မြေရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)