Main menu

ပြည်ကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ် ဧပြီလတတိယပတ် ပဲဈေးနှုန်း

Powered by Drupal

             ပြည်ကုန်စည်ဒိုင်တွင် သင်္ကြန်ပိတ်ရက်အပြီး ကုန်စည်ဒိုင်များပြန်လည်ဖွင့်လှစ်ပြီး ပဲအရောင်း အဝယ်များစတင်ရောင်းဝယ်နေပြီဖြစ်ပါသည်။

             ပြည်ကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ် ဧပြီလတတိယပတ်တွင် မတ်ပဲတစ်တင်းကို ၁၀၃၀၀၀ကျပ်ဖြင့် ဈေးအေး နေပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၁၀၀/၁၅၀)ခန့်ရှိပါသည်။ သင်္ကြန်ပိတ်ရက်အပြီး ပဲစင်းငုံဈေးမှာတက်လာပြီး ပဲတစ်တင်းကို (၁၃၃၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်၂၅၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ကုလားပဲ(ဟော်လန်)တစ်တင်းကို (၈၅၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းကို (၈၇၀၀၀) ကျပ်ဖြင့် မြို့တွင်း ခွဲစက်သမားများ တစ်ရက်ကိုအိတ် (၁၅၀/၃၀၀)ခန့် အဝယ်ရှိပါသည်။

             ဧပြီလတတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၃၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို (၈၈၀၀၀)ကျပ် ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ်၃၀၀ခန့် အဝယ်ရှိ ပါသည်။ စားတော်ပဲ(ကျွန်း)တစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို ၂၅အိတ်ခန့် အဝယ်ရှိပါသည်။ ဧပြီလတတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၆၅၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၁၀၀ခန့်ရှိပါသည်။

             ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲဈေးမှာ ဈေးအမြင့်ဖြင့်အေးနေပြီး ပဲစင်းငုံဈေးမှာ ကောင်းနေ ပါသည်။ ကျန်ပဲများဖြစ်သော ပဲကြီး၊ ကုလားပဲ၊ ဘိုကိတ်ပဲများမှာ ဈေးအေးလျက်ရှိကြောင်း သိရပါသည်။

စားသုံးသူရေးရာဦစီးဌာန

        ပြည်ခရိုင်