Main menu

ကံမမြို့တွင် ပလတ်စတစ်(Campaign)နှင့် ဘိလပ်မြေအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်ရွှေနှင့် ကံမမြို့နယ် တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၂.၄.၂၀၂၄) ရက်နေ့ နံနက် (၀၇း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးဆောင်မှုဖြင့် ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချသုံးစွဲစေရန်ရည်ရွယ်၍ (Campaign)ပြုလုပ်ရာတွင် ကြွပ်ကြွပ်အိတ်အစား အင်ဖက်များ၊ ငှက်ပျောဖက်များ၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

     ထို့နောက်နံနက်(၀၈း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကံမမြို့ အမှတ်(၁/၂/၃)ရပ်ကွက်များရှိ ဘိလပ်မြေ အရောင်း ဆိုင်များတွင် ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ မြေပြင် လက်ကျန်အခြေအနေတို့အား ကွင်းဆင်းလေ့လာမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)