Main menu

မကွေးမြို့၊ နွားကူးကျေးရွာရှိ ပဲကြော်လုပ်ငန်းထုတ်လုပ်မှု အခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၃.၄.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ နွားကူးကျေးရွာ၊ တိုးချဲ့ကွက်သစ်ရှိ ပဲကြော်လုပ်ငန်း၏ ထုတ်လုပ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။  

    ထိုသို့ကွင်းဆင်းမေးမြန်းရာတွင် ကုန်ကြမ်း ပဲကြီးများအား မုံရွာမြို့မှဝယ်ယူ၍ တစ်ရက်လျှင် ကုန်ကြမ်းပဲကြီး (၃၀)ပိဿာဝင် (၅၀)အိတ်(ကုန်ချိန်-၁၅၀၀)ကြော်ရပြီး ကုန်ချော(၁၅၀၀-၁၈၀၀) ပိဿာ ပြန်လည်ရရှိကြောင်း သိရှိရပါသည်။ ပဲကြော်လုပ်ငန်း လုပ်ကိုင်ရာတွင် ပဲကြော်ရန် ဖို(၂)ဖို ကို အသုံးပြုပြီး  တစ်ဖိုလျှင် ဒယ်(၃)ဒယ်ဖြင့် တစ်ဒယ်လျှင် ဆီ(၅၀)ပိဿာခန့်ထည့်၍ ပဲကြီးများကိုကြော်ပြီး ဆီလျော့ပါက ဆီထပ်ဖြည့်ပြီး နှစ်ပြန်ကြော်ဖြစ်သည့်အတွက် ကြော်ပြီးသားပဲကြော်များအား ဆီအေးဖြင့်စိမ်ယူရကြောင်း၊ လုပ်သားဦးရေ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၄)ဦး၊ စုစုပေါင်း(၁၄)ဦးဖြင့် လုပ်ကိုင်လျက်ရှိပြီး လုပ်သားခအနေဖြင့် အမျိုးသား(၁)ဦး တစ်ရက်လျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)နှင့် ကြော်ပြီးထားသော ပဲကြော်များအား ပိုမိုသန့်စင်စေရန်အတွက် အမျိုးသမီး(၁)ဦးလျှင် ပဲကြော်(၃၀)ပိဿာဝင် (၁)အိတ်လျှင် ကျပ်(၅၀၀)နှုန်းဖြင့် ပေးရကြောင်း၊ သန့်စင်ပြီးသော ကုန်ချောများအား ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် (၁)ပိဿာလျှင် ကျပ်(၉၀၀၀)နှုန်းနှင့် မကွေးမြို့အတွင်းတွင် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ပဲကြော်လုပ်ငန်းလုပ်ကိုင်သူ ဦးအောင်သူထံမှ သိရှိရပါသည်။

DOCA(မကွေး)