Main menu

မုံရွာမြို့ရှိ သံချောင်းလုံး၊ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးကွက်

Powered by Drupal

    မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဈေးကွက်၌ ၂၀၂၄ခုနှစ်၊ ဧပြီလ စတုတ္ထပတ်တွင် သံချောင်းလုံးဈေးနှုန်းနှင့် ဘိလပ်မြေဈေးနှုန်းများ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရှိရသည်။ သံချောင်းလုံး ၃မူးတစ်တန်လျှင် ကျပ်၁၈၀၀၀၀၀၊ ၅မူးတစ်တန်လျှင် ကျပ်၁၉၀၀၀၀၀၊ ၆မူးတစ်တန်လျှင် ကျပ်၂၁၀၀၀၀၀ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘိလပ်မြေဈေးကွက်၌ ကြံ့နှစ်ကောင်တစ်အိတ်လျှင် ကျပ်၁၁၈၀၀၊ အပါချီတစ်အိတ်လျှင် ကျပ်၁၃၅၀၀၊ Crown တစ်အိတ်လျှင် ကျပ်၁၁၅၀၀ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းကို မုံရွာမြို့ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များမှ စုံစမ်းသိရှိရပါသည်။

     မုံရွာမြို့ရှိ ဓာတ်မြေဩဇာဈေးကွက်မှာ ယခုဧပြီလ စတုတ္ထပတ်တွင် အာမို(၁၅:၁၅:၁၅) ၅၀ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်၁၆၀၀၀၀၊ နိုက်ထရိုဖော်စကာ(ဩဘာ) ၅၀ကီလိုဂရမ်တစ်အိတ်လျှင် ကျပ်၁၇၀၀၀၀နှင့် ပန်းဖူး(ရွှေပျား) ၅၀ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်၇၅၀၀၀ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဆောက်လုပ်ရေးပစ္စည်းများနှင့် စိုက်ပျိုးရေး‌ဆေးဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များနှင့် စိုက်ပျိုးရေးဆေးဆိုင်များမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)