Main menu

တနင်္သာရီတိုင်း‌‌‌ဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများထားဝယ်မြို့ပေါ်ရှိ‌ရေသန့်စက်ရုံတာဝန်ခံများနှင့်သွားရောက်တွေ့ဆုံဆွေး‌နွေး

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်း များသည်    ၂၀၂၄ ခုနှစ်၊ဧပြီလ(၂၂)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီ  အချိန်တွင်   ထားဝယ်မြို့နယ်ရှိ Princess အမှတ်တံဆိပ် သောက်ရေသန့် စက်ရုံလုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စက်ရုံတာဝန်ခံက   တစ်လထုတ်လုပ်မှုအရေအတွက် ၊   တစ်လထုတ်လုပ်မှုပမာဏ၊     တစ်လထုတ်လုပ်မှု     ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှု    အခြေအနေများကို   ဆွေးနွေးမေးမြန်းခဲ့ပြီး ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍   စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၅) ၊ပုဒ်မ(၂၈)အရ ကုန်စည်ဝန်ဆောင်မှုများ  လုံခြုံစိတ်ချ မှုရှိစေရေးနှင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တာဝန်ယူမှု /တာဝန်ခံ မှုရှိစေရန်၊  Princess သောက်ရေသန့် ထုတ်လုပ်မှု    အဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်စေရေးနှင့်သောက်ရေသန့်ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ် ချက်များကို ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်နှင့်  စားသုံးသူကာကွယ်ရေး  ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(တနင်္သာရီ)