Main menu

ရွှေတောင်ဒေသထွက် ထိုင်ဝမ်ကန်စွန်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် ထိုင်ဝမ်ကန်စွန်းများကို စိုက်ပျိုးထားကြောင်း သိရှိရသဖြင့် သွားရောက်လေ့လာခဲ့ပါသည်။ ထိုသို့သွား ရောက်လေ့လာရာတွင် ထိုင်ဝမ်ကန်စွန်းစိုက်ပျိုးရာ တွင် စိုက်ဘောင်ပြုလုပ်၍ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း သိရပါသည်။ ကန်စွန်းမျိုးစေ့ တစ်ထုပ်လျှင် ၁၃၅၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး စုစုပေါင်းကုန်ကျစရိတ်မှာ ၆ သောင်းနီးပါးကုန်ကျကြောင်း သိရပါသည်။ ထိုင်ဝမ်ကန်စွန်းကို အစေ့ချစိုက်ပျိုးပြီး (၁၅)ရက်အကြာတွင် မြေဆွခြင်း၊ မြေဩဇာကျွေးခြင်းများပြုလုပ်ရပြီး စတင် စိုက်ပျိုးပြီး (၁)လကြာလျှင် ခူးယူရောင်းချပြီး (၁၀)ညွန့်စီးတစ်စီးလျှင် (၃၀)ကျပ်ဖြင့် ကုန်စိမ်း ဒိုင်များမှ အခင်းအထိ လာရောက်ဝယ်ယူကြရာ တစ်ခါခူးလျှင် (၅)သောင်းကျပ်ရရှိပါသည်။ ကန်စွန်းပင်ကို တစ်ခါစိုက်ပျိုးထားပြီးလျှင် ရေလောင်းလိုက် အစာကျွေးလိုက်ဖြင့် မိုးမကျမခြင်း ခူးယူ၍ ရောင်းချကြောင်း သိရပါသည်။ ကန်စွန်းပင်စိုက်ပျိုးထားလျှင် မိမိလည်း အရံဟင်း တစ်ခွက်အဖြစ် စားသုံးနိုင်သလို ရောင်းချလျှင်လည်း မိသားစုအပိုဝင်ငွေများလည်း ရရှိနိုင်မည်ဖြစ်၍ အရင်းနည်းပြီး အကျိုးအမြတ်ရှိသော ကန်စွန်းကို စိုက်ပျိုးသင့်ပါသည်။

DOCA(ပဲခူး)