Main menu

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖေါ်ပြမှုရှိစေရေးရှင်းလင်းဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့၊ နဝဒေးစက်မှုဇုန်ရှိ ဦးစန်းလွင်၏ လွင်သံရည်ကျိုလုပ်ငန်းသို့လည်းကောင်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ ဦးလှထွန်း၏ ဆီရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ကိုးသောင်းမီးပွိုင့် ဗိုလ်ချုပ်လမ်းရှိ ဦးဝေလင်း၏ ရွှေခေတ္တရာဆီစက်သို့လည်းကောင်း၊  ရွှေတောင်မြို့တွင် ဘီးတန်းလမ်း သရက်တောရပ်ကွက်ရှိ ဒေါငြိမ်းငြိမ်းအေး၏ မုန့်သရဖီ မုန့်လုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် လဲရွာရှိ ဦးအောင်ကိုလတ်၏Kyaw San စက်သုံးဆီဆိုင်သို့လည်းကောင်း၊ မကျီးထုံးအုပ်စု ငါးမျက်နာရွှာရှိ ဒေါ်စန်းဌေး၏ ကောင်းဟိန်းထက်စံ ဆီစက်သို့ လည်းကောင်း၊ တောင်ဘွေအုပ်စု၊ငါးမျက်နှာရွာလေးရှိ ဒေါ်ခင်မျိုးဝါ၏ ဒို့ခေတ်ဆီစက်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ် (၃)ရပ်ကွက်ရှိ ဒေါ်မြင့်မြင့်စန်း၏ ကုန်မျိုးစုံ အရောင်းဆိုင်သို့လည်းကောင်း၊ အမှတ် (၂)ရပ်ကွက်၊ ဦးဇော်မင်း၏ တိုးတက်ကြွယ် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်သို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ၊ ပြည့်စုံ မှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)