Main menu

ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၉)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာန၏ စာဖတ်ဝိုင်းရှိ စာဖတ်ပြည်သူ(၉)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

      ထိုအသိပညာပေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူများရွေးချယ်ဝယ်ယူစားသုံးခွင့်နှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးခဲ့မှုကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)