Main menu

ပြည်ခရမ်းချဉ်သီး ရှားပါး၍ဈေးတက်

Powered by Drupal

    ပူပြင်းလှသောနွေရာသီ ဧပြီလလယ်တွင် ပြည်ဈေးကွက်၌ ခရမ်းချဉ်သီးများရှားပါးလျက်ရှိပြီး ဗမာသီးနှင့်ရှမ်းသီး (၂)မျိုးလုံး ရှားပါးလျက်ရှိကြောင်း သိရပါသည်။ ရှမ်းခရမ်းချဉ်သီးမှာ မကွေးတိုင်း၊ ရှမ်းပြည်နယ်တို့မှ ဝင်ရောက်ပြီး ဗမာခရမ်းချဉ်သီးမှာ ပြည်မြို့အနီးတဝိုက်နှင့် ရွှေတောင်မြို့နယ်တို့မှ ဝင်ရောက်မှုရှိပြီး နှစ်မျိုးလုံးအဝင်နည်းလျက်ရှိကြောင်း သိရပါသည်။ ယခင်ဖေဖော်ဝါရီလဆန်းတွင် ဈေးကွက်အတွင်း ပစ္စည်းပေါများပြီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၀၀-၈၀၀ခန့် ရောင်းဝယ်လျက်ရှိကြပြီး ယခုဧပြီလလယ်တွင် ပစ္စည်းလက်ကျန်နည်းပြီး တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၁၈၀၀-၂၀၀၀ ခန့် ရောင်းဝယ်မှုရှိသည့်အတွက် ဈေးကွက်အတွင်း ခရမ်းချဉ်သီးရှားပါးပြီး ဈေးမြင့်တက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)