Main menu

ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ပန်းတနော်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူပူးပေါင်း၍  (၁၀-၄-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

      အဆိုပါစစ်ဆေးမှုတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ဆေးဆိုင် (၆) ဆိုင်ကိုကွင်းဆင်းစစ်ဆေး၍ စံမညီဆေးဝါးများနှင့် တရားမဝင်တင်သွင်းသောဆေးဝါးများ၊ မြန်မာနိုင်ငံမှတ်ပုံတင်ခွင့်ပြုချက် အမှတ်မပါရှိသောဆေးများရောင်းချမှုရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်တို့သည် ဆေးဝါးကျင့်စင်သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ ပန်းတနော်မြို့နယ်အတွင်းရှိ ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ပတ်သက်၍ စစ်ဆေးခြင်း၊ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများကြီးမြင့်မှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)