Main menu

မအူပင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၀-၄-၂၀၂၄) ရက်နေ့တွင် မိတ်ဖက်ဌာနများပါဝင်သော ပူးပေါင်းအဖွဲ့သည် မအူပင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၈) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့အတွင်း စက်သုံးဆီအရောင်းဆိုင်များ၌ အချင်အတွယ်မှန်ကန်ခြင်းရှိ/မရှိ၊ သတ်မှတ်ထားသောဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စက်သုံးဆီရောင်းချမှုအခြေအနေနှင့် ဆီလက်ကျန်သိုလှောင်ကန်များကိုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)