Main menu

တောင်ကြီးမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့်ကုန်ပစ္စည်းများ ရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်သားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့်ကုန်ပစ္စည်းများ ရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန်နှင့် ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ရှမ်း)