Main menu

ဟင်္သာတမြို့နယ် ဘိလပ်မြေဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၀.၄.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၌ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ယခင်ကကဲ့သို့ပင်  ဘိလပ်မြေအိတ်များ လွယ်ကူစွာ မှာယူရရှိနိုင်ပြီး၊ ပစ္စည်းများ လုံးဝပြတ်လပ်နိုင်မှုမရှိကြောင်း၊ ဈေးနှုန်း/ဈေးကွက်အခြေအနေများလည်း ပြောင်းလဲမှုမရှိသည်ကို တွေ့ရှိရကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)