Main menu

ဘိုကလေးမြို့နယ်သာပေါင်းကျေးရွာအောင်သုခဆန်စက်ရှိဝန်ထမ်းများအားစားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၄ခုနှစ်၊ဧပြီလ(၄)ရက်၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်ဘိုကလေးမြို့ သာပေါင်းကျေးရွာအောင်သုခဆန်စက်ရှိဝန်ထမ်းအလုပ်သမား(၂၀)ဦးအား စားသုံးသူကာကွယ်ရေး   အသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။

        အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံး  သူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူရာတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထား‌သော ကုန်စည်များကိုသာရွေးချယ်ဝယ်ကြရန်နှင့်ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို  ကုန်အညွှန်းအမှတ်အသား  ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီသိသာထင်ရှားစွာဖော်ပြရမည့်အချက်များ ၊ တားမြစ်ဓာတု ဆိုးဆေးနှင့်တာရှည်ခံဆေးပိုးသတ်ဆေးအန္တရာယ်များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)