Main menu

ပုသိမ်မြို့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ဆီစက်လုပ်ငန်းများ ချေးငွေဆိုင်ရာ အစည်းအဝေးပြုလုပ်

Powered by Drupal

     ပုသိမ်မြို့စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတိုင်းအတွင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေဆိုင်ရာရှင်းလင်းပွဲ ကျင်းပပြုလုပ်ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးညွှန့်နွယ် ၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တိုင်းမန်နေဂျာ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဦးစီးမှူး တိုင်းဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့ပေါ်ရှိဆီစက်ပိုင်ရှင် ဆီလုပ်ငန်းရှင်များ မြို့နယ်ဆီအသင်းဝင်များနှင့် ဆီစက်လုပ်ငန်းရှင်များ စုစုပေါင်း (၇၀)ဦးခန့်တက်ရောက်ခဲ့ပါသည်၊၊

     ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးအဖွင့်မှာစကား ပြောကြားခဲ့ပြီး ချေးငွေကိစ္စနှင့်ပတ်သက်၍ ဘဏ်ချေးငွေအသုံးပြုမည့်အစီအစဉ် ပြန်လည် ပေးဆပ်မည့်ကိစ္စရပ်များ ဆီစက်ပိုင်ရှင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အထောက်အထားများ FDA လက်မှတ်ရရှိထားမှု၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် SME Card ရရှိမှု ၊ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီအထောက်အထားများ ရှယ်ယာရှင်များစာရင်း၊ မြေစာရင်း ၁၀၅/၁၀၆ ပုံစံနှင့်လိုအပ်သည့်အချက်အလက်အထောက်အထားများကို သက်ဆိုင်ရာဌာနများမှလည်း ချေးငွေရယူမည့်လုပ်ငန်းရှင်နှင့် ပတ်သက်၍ တက်ရောက်လာသည့်လုပ်ငန်းရှင်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)