Main menu

ချောင်းဆုံမြို့နယ်တာဝန်ခံသည် ဆီကုန်သည်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

         (၁၁.၄.၂၀၂၄)ရက်​နေ့တွင်​ စားသုံးသူ​ရေးရာဦးစီးဌာန မွန်​ပြည်​နယ်​၊​ မော်​လမြိုင်​ခရိုင်​၊ ချောင်းဆုံမြို့နယ်​တာဝန်​ခံသည်​ ချောင်းဆုံမြို့ရှိ စားအုန်းဆီများကို တာဝန်​ယူဖြန့်​ဖြူး​ရောင်း​ချ​ပေး​နေ​သော ဆီကုန်​သည်​နှင့်​ တွေ့ဆုံ​ဆွေး​နွေးခဲ့ပါသည်​။

       ထိုသို့​တွေ့ဆုံရာတွင် ချောင်းဆုံမြို့နယ်​တာဝန်​ခံမှ စားအုန်းဆီများကို​ ကျေးရွာ/ရပ်​ကွက်​ အရောက်​လက်​လီဆိုင်​များမှ တဆင့်​ပြန့်​ပြန့်​နှံ့နှံ့ ဖြန်းဖြူး​ရောင်းချရာတွင်​ သတ်​မှတ်​အရေအတွက်​ပြည့်​မီစွာ​ရောင်းချ​ပေး​ရေး၊​ ဈေးနှုန်းမြှင့်တင်​ရောင်းချမှု မရှိ​စေ​ရေးနှင့်​ ဈေးနူန်းမြှင့်တင်​ရောင်းချပါက အ​ရေးကြီးကုန်​စည်​နှင့်​ဝန်​ဆောင်​မှုဥပ​ဒေ၊ ပုဒ်​မ(၅)အရ အနည်းဆုံး​ထောင်​ဒဏ်​ခြောက်​လမှ အများဆုံး​ထောင်​ဒဏ်​သုံးနှစ်​အထိ ချမှတ်​ခံရမည့်​အပြင်​ ငါးသိန်းထက်​မပို​သော ဒဏ်​ငွေချမှတ်​ အပြစ်​ပေးအ​ရေးယူခံရမည်​ဖြစ်​ကြောင်းအား​ ခေါ်ယူ​တွေ့ဆုံ ရှင်းလင်း​ဆွေး​နွေးခဲ့ပါသည်​။

DOCA(မွန်)