Main menu

ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်း၊ စပါးမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် မျိုးစေ့ချကိရိယာများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

Powered by Drupal

       မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများမြေဆီလွှာဖွံ့ဖြိုး၍ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးပြီးအထွက်တိုးစေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်း စပါးမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် မျိုးစေ့ ကိရိယာများလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၁၁ ရက်နေ့ နံနက်(၀၇:၃၀) နာရီက ဦးအောင်ကြည်သိန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ တက်ရောက်ခဲ့ ပါသည်။

        ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးက မြို့နယ်အတွင်း ဆောင်းသီးနှံ၊ နွေစပါး စိုက်ပျိုးထားရှိမှုအခြေအနေနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ကြဲပက်စိုက်ပျိုးခြင်းဖြင့်  ရရှိမည့်အကျိုးကျေးဇူးများက  ရှင်းလင်းတင်ပြခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ လယ်ယာမြေများ‌ မြေဩဇာကောင်းမွန်ကာ နည်းစနစ်တကျ စိုက်ပျိုး၍ ဆန်စပါးအထွက်နှုန်းတိုးစေရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက် စေရန်အတွက် တောင်သူများ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့ကြောင်းသိရှိရ ပါသည်။

DOCA(မွန်)