Main menu

ဧပြီလ၊ ဒုတိယအပတ်တွင် ရွှေဘိုပဲစဉ်းငုံ(နီ)ဈေး ဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဧပြီလ၊ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ‌

    ဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘို ဈေးကွက်သို့ ပဲစဉ်းငုံ(နီ)များ စတင်ဝင်ရောက်ခဲ့ပြီး ဧပြီလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ) တစ်တင်းလျှင်(၁၂၅၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/(၂၉)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(နီ) တစ်တင်းလျှင် (၁၂၁၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲစဉ်းငုံ(နီ) တစ်တင်းလျှင်(၃၈၀ဝိ/-)ကျပ် ဈေးပိုမိုခဲ့ကြောင်း၊ ယခုအပတ်တွင်  ယခင်အပတ်အောက် ပဲစဉ်းငုံ(နီ)များ ဝင်ရောက်မှုနည်းပါးသွားပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)