Main menu

“ သုံးခွမြို့နယ်တွင် မြေပဲသီးနှံများထွက်ပေါ်၍ ဆီစက်လုပ်ငန်းများစတင်လည်ပတ် ”

Powered by Drupal

     စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသအတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် သုံးခွမြို့နယ်အတွင်းရှိ လျာထားဧက (၆၈၆)ဧကမှာ ရာနှုန်းပြည့်သည့်အပြင် ကျော်လွန်စွာစိုက်ပျိုးထားရှိသည့် မြေပဲစိုက်ခင်းများမှာလည်း အောင်မြင်စွာဖြစ်ထွန်းခဲ့ပြီး ယခုအချိန်တွင် မြေပဲသီးနှံများထွက်ပေါ်၍ ဆီစက်လုပ်ငန်းများစတင်လည်ပတ်လျက်ရှိကြောင်းသိရပါသည်။

     သုံးခွမြို့နယ်တွင် မြေပဲသီးနှံထွက်ပေါ်လာပြီဖြစ်၍ ဆီစက်လုပ်ငန်းတချို့မှာလည်း ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းများစတင်လျက်ရှိရာ ရွှေလဝင်းဆီစက်လုပ်ငန်းရှင်များအနေဖြင့် (၁၈-၃-၂၀၂၄) ရက်နေ့မှစတင်ပြီး မြေပဲစိုက်တောင်သူများ၏ သီးနှံများအနက် နဝလီမြေပဲဆီများအား ကြိတ်ခွဲထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ကြိတ်ခွဲခနှုန်းထားအနေဖြင့် မြေပဲဆီ(၁၀)ပိဿာဝင်တစ်လုံးလျှင် (၁၃၀၀၀) ကျပ်ဖြစ်ပြီး လျှပ်စစ်မီးလာသောအချိန်တွင် လျှပ်စစ်နှင့် လည်ပတ်ကြိတ်ခွဲပြီး မီးပျက်ပါက ဒီဇယ်အင်ဂျင်စက်ဖြင့် ကြိတ်ခွဲလည်ပတ်ပေးလျက်ရှိကြောင်း၊ မြေပဲစိုက်တောင်သူများအနေဖြင့် မိမိတို့၏ မိသားစုစားသုံးရန်နှင့် ပိုလျှံသောမြေပဲများအား စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မြေပဲကုန်ကြမ်းရရှိမှုအပေါ်မူတည်၍ ကြိတ်ခွဲ ထုတ်လုပ်လည်ပတ်ပေးလျက်ရှိကြောင်း မြေပဲဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့် မြေပဲဖတ်များကိုလည်း နဝလီလာရောက်ကြိတ်ခွဲသူများက ပြန်လည်ယူဆောင်သွားပြီး အဆင်ပြေသလို ပြန်လည်ရောင်းချရာတွင် မြေပဲဖတ် (၁)ပိဿာလျှင် (၂၅၀၀-၂၇၀၀)ကျပ်အထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မြေပဲဆီဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် (၁၅၀၀)ကျပ်ဖြစ်ကြောင်း၊ ဆီစက်များအနေဖြင့် ကုန်ကြမ်းသီးနှံ မြေပဲများအား ကိုယ်တိုင်ဝယ်ယူကြိတ်ခွဲခြင်းမျိုးမဟုတ်ဘဲ လာရောက်အပ်နှံကြိတ်ခွဲမှသာ စက်ကြိတ်ခယူ၍ ကြိတ်ခွဲထုတ်လုပ်ပေးလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)