Main menu

တနင်္သာရီတိုင်း‌‌ဒေသကြီး ထားဝယ်အထူးစီးပွားရေးဇုန်(DSEZ) လစဉ်ကော်မတီ အစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

   တနင်္သာရီတိုင်း‌‌ဒေသကြီးထားဝယ်အထူးစီးပွားရေးဇုန်(DSEZ)လစဉ်ကော်မတီအစည်းအဝေး  ၁/၂၀၂၄-၂၀၂၅ကို ၉.၄.၂၀၂၄ နေ့၊ နံနက်(၁၀း၃၀)နာရီတွင် ထားဝယ်အထူးစီပွားရေးဇုန်စီမံခန့်ခွဲမှု‌ကော်မတီရုံး ရန်ကုန်မြို့တွင် online video conferencing ဖြင့်ပြုလုပ်ခဲ့ရာ ထားဝယ်အထူးစီးပွားရေးဇုန်ကော်မတီဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးတို့နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာတိုင်းဉီးစီးမှူး၊ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုတိုင်းဉီးစီးမှူးတို့မှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

      အစည်းအဝေးတွင် ကော်မတီဥက္ကဌမှ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံဖြိုးတိုးတက်ရေးအတွက် စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ရှေးဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းကိစ္စများကို ရှင်းလင်းပြောကြားခဲ့ပြီး တက် ရောက်လာသူများမှ အသီးသီးတင်ပြဆွေးနွေးခဲ့ကာ အစည်းအဝေးအား နေ့လယ်(၁၂း၀၀)နာရီတွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)