Main menu

ဘားအံမြို့ရှိ ဈေးကောင်းနေသော သံပုရာသီး

Powered by Drupal

     ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် နွေရာသီပေါ်သံပုရာသီးများဈေးကောင်းရလျက်ရှိကြောင်း သိရပါသည်။ သံပုရာသီးကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဘားအံမြို့ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော သံပုရာသီးများမှာ ဘားအံမြို့အနီးရှိ ကျေးရွာများနှင့် ကြာအင်းဆိပ်ကြီး၊ မော်လမြိုင် ရေးမြို့တို့ဘက်မှဖြစ်သည်။ မြန်မာသံပုရာသီးအိတ်ကြီး တစ်အိတ်လျှင် (၄၅၀၀၀၀၊၅၀၀၀၀၀) ကျပ်ဖြစ်ပြီး တစ်အိတ်တွင်အလုံးရေ ၁၆၀၀ မှ ၁၇၀၀ ထိပါရှိသည်။ သံပုရာသီးအလုံးချော (အကြီး)တစ်လုံးလျှင် (၆၀၀၊၇၀၀) ကျပ်၊ အနေတော်တစ်လုံးလျှင် (၅၀၀)ကျပ်နှင့် ယိုးဒယားမျိုးစပ်သံပုရာသီး သံပုရာသီးအလုံး ချော(အကြီး)တစ်လုံးလျှင် (၅၀၀) ကျပ်၊ အနေတော်တစ်လုံးလျှင် (၄၀၀)ကျပ်၊ သံပုရာသီးအလုံး ချော(ငယ်)တစ်လုံးလျှင် (၃၀၀ကျပ် နှင့် ၃လုံး ၁၀၀၀ကျပ်) တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ဈေးကောင်းရ၍ တွက်ချေကိုက်လျက်ရှိကြောင်း ၊ သံပုရာသီး၊ရှောက်သီးကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အများဆုံး စိုက်ပျိုးကြောင်း သိရှိရပါသည်။

DOCA(ကရင်)