Main menu

ပခုက္ကူမြို့၌ ဖြစ်ပေါ်လျက်ရှိသော ကြက်ဥဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြိုင်လမ်းရှိ ကြက်ဥ၊ ဘဲဥ၊ ငုံးဥအရောင်းဆိုင်၌ ၂၀၂၄ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ကြက်ဥအရွယ်အစားအလိုက် ကြက်ဥ (လက်လီ) ဈေးနှုန်းများမှာ ကြက်ဥ(အသေး)တစ်လုံးလျှင် ကျပ်(၂၅၀)၊ ကြက်ဥ(အလတ်)တစ်လုံးလျှင် ကျပ် (၂၇၀)၊ ကြက်ဥ(အကြီး)တစ်လုံးလျှင် ကျပ် (၂၉၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၄၀၀)၊ ဆေးဘဲဥတစ်လုံးလျှင် ကျပ်(၄၅၀)၊ ငုံးဥ(၁၀)လုံးလျှင် ကျပ်(၇၅၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်မတ်လ (စတုတ္ထပတ်)နှင့်နှိုင်းယှဉ်လျှင် ဈေးအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      ကြက်ဥ(လက်ကား)ဈေးနှုန်းအနေဖြင့် ယခင်မတ်လ(စတုတ္ထပတ်)တွင် တစ်ပိဿာလျှင် ကျပ် (၆၁၀၀)ဖြစ်ခဲ့ပြီး ယခုဧပြီလ(ပထမပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၆၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက်နေပြီး နှစ်သစ်ကူးကာလဖြစ်သောကြောင့် ကုသိုလ်ကောင်းမှုနှင့် လှူဒါန်းမှုများပြုလုပ်ကြသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကြက်ဥအရောင်းဆိုင်မှသိရှိရပါသည်။

DOCA(မကွေး)