Main menu

ပခုက္ကူကုန်စည်ဒိုင်၌ ဧပြီလ(ပထမပတ်)တွင် ပဲစင်းငုံနီဈေးနှုန်းများ တရိပ်ရိပ်တက်လျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပဲစင်းငုံနီစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ချေက်ကန်အုပ်စု၊ အရှေ့ချောက်ကန်၊ အနောက်‌ချောက်ကန်၊ လက်ပံကန်၊ မန်ကျည်းကိုးပင်နှင့် အင်ပင်၊ ကိုင်းအုပ်စုကျေးရွာများ၊ ကန်တော်၊ ကံလှကျေးရွာများတွင် ပဲစင်းငုံနီများကို သီးညှပ်သီးထပ်အဖြစ်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပဲစင်းငုံနီများကို ရိတ်သိမ်းပြီးစီးကြောင်း တောင်သူများထံမှသိရှိရပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသထွက် ပဲစင်းငုံနီများသာမက မြိုင်နှင့်အခြားနယ်များဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ နယ်များဖြစ်သော ငါးသရောက်၊ လက်ပံခြေပေါ်၊ ပုလင်း၊ အောက်ညဉ့်နယ်နှင့် သူကောင်းတည်ရွာများမှထွက်ရှိသော ပဲစင်းငုံနီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

  ၂၀၂၄ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲစင်းငုံနီဈေးနှုန်းမှာ (၂၀)ပိဿာပါ (၁)တင်းလျှင် ကျပ်(၁၂၃၄၀၀)ဖြစ်ပြီး၊ မတ်လ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပဲစင်းငုံနီ(၁)တင်းလျှင်  ကျပ်(၁၁၈၀၀၀-၁၁၉၄၀၀) ဖြစ်ခဲ့၍ ယခုအပတ်နှင့်နှိုင်းယှဉ်ပါက (၁)တင်းလျှင် ကျပ်(၄၀၀၀)ခန့်ဈေးနှုန်းမြင့်တက်နေကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ နေ့စဉ်(၂၀၀မှ ၄၀၀)အထိဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ကုန်းလမ်းသာမက ရေလမ်းခရီးဖြင့်လည်း  ရန်ကုန်မြို့သို့တင်ပို့နေကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(မကွေး)