Main menu

ပခုက္ကူမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းများ၌ စက်မှုကုန်ကြမ်းဆီသုံးစွဲမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ တိုင်းဒေသကြီးဦးစီးမှူးလမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများသည် (၃-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဓူဝံပဲကြော်လုပ်ငန်း၊ အောင်မြင့်ထွန်းပဲကြော်လုပ်ငန်း၊ ကျော်မြင့်ထွန်းပဲကြော်လုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းလည်ပတ်မှုနှင့် စက်မှုကုန်ကြမ်းဆီသုံးစွဲမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဓူဝံပဲကြော်လုပ်ငန်း၊ အောင်မြင့်ထွန်းပဲကြော်လုပ်ငန်း၊ ကျော်မြင့်ထွန်းပဲကြော်လုပ်ငန်းများ၌ အသုံးပြုသောပဲအမျိုးအစားများမှာ ပဲကြီး၊ ပဲဇီးကွက်၊ တရုတ်ပဲ၊ စားတော်ပဲ၊ မြေပဲဆံတို့ကိုအသုံးပြုပြီး၊ ဆီသုံးစွဲမှုအနေဖြင့် လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ (၁)ရက်လျှင် ဆီပေပါ(၄)လုံးမှ (၆)လုံးအထိသုံးစွဲရကြောင်းနှင့် လုပ်သားအခြေအနေများမှာ ပဲကြော်လုပ်သား (၆)ဦးမှ (၁၂)ဦး၊ ပဲချွတ်လုပ်သားဦးရေမှာ (၅၀မှ ၃၀၀)အထိရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။ လုပ်သားခများမှာ အမျိုးသားလုပ်သားခ (၁)ဦးလျှင် ကျပ်(၁၀၀၀၀မှ ၁၃၀၀၀)၊ အမျိုးသမီးပဲချွတ်ခမှာ (၁) ပိဿာလျှင် ကျပ်(၂၀၀မှ ၂၅၀) ရရှိကြောင်း၊ (၁)ရက်လျှင် ပဲကြော် (၃၀)ပိဿာပါအိတ်ရေ (၅၀မှ ၆၀)အထိကြော်ရပြီး၊ ကုန်ချောထွက်ရှိမှုမှာ ပိဿာ(၁၅၀၀မှ ၁၈၀၀)ထွက်ရှိပြီး၊ ပဲကြော် တစ်ပိဿာလျှင်  ပဲကြော်အမျိုးအစားကိုလိုက်၍  နှစ်ပြန်ကြော်တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ရိုးရိုးပဲကြော်တစ်ပိဿာလျှင် ကျပ်(၈၅၀၀)ဖြင့်ရောင်းချနေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ တောင်ကြီး၊ ကလေးဝမြို့များသို့တင်ပို့နေရကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(မကွေး)