Main menu

ပခုက္ကူမြို့နယ်မှ ပဲမျိုးစုံကုန်စည်စီးဆင်းမှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှထွက်ရှိသော ပဲမျိုးစုံများဖြစ်သည့် ပဲယင်းနီ၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲလွန်းပြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံနီ၊ နှမ်း၊ ကြက်သွန်နီများကို အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ရေကြောင်းလမ်းပို့ဆောင်ရေးတို့မှသိရှိရပါသည်။

     ရွှေမြန်မာ၊ အင်အား၊ ကြယ်တံခွန်ဂိတ်များမှ ပဲ၊ နှမ်းတင်ပို့မှုများကို ကောက်ယူလျက်ရှိပြီး မတ်လ၏ တင်ပို့မှုအများဆုံးပဲများမှာ ပဲယင်းနီ၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲလွန်းပြာနှင့် စွန်တာနီတို့ဖြစ်ပြီး ရန်ကုန်ရွှေပြည်သာသို့တင်ပို့နေရကြောင်း ဂိတ်များမှသိရှိရပါသည်။ မတ်လ၏ စီးထွက်မှုအခြေအနေမှာ ကုန်လမ်းဖြင့် ပဲယင်းနီ(၂၅၀၀၀)အိတ်၊ ထောပတ်ပဲ(၂၉၈၀၀)အိတ်၊ ကုလားပဲ (၇၈၆၀)အိတ်၊ ပဲလွန်းပြာ(၁၆၀၀)အိတ်၊ စွန်တာနီ (၂၁၅၀)အိတ်၊ ပဲစင်းငုံနီ(၁၆၃၀)အိတ်၊ ပဲတီစိမ်း (၁၆၀)အိတ်၊ နှမ်းနက်စမုံ(၂၁၀)အိတ်တို့ဖြစ်ပြီး၊ ရေလမ်းဖြင့် ပဲစင်းငုံနီ(၄၉၀၀၀)အိတ်ကို ရန်ကုန်သို့တင်ပို့နေရကြောင်း ရေကြောင်းပို့ဆောင်ရေးမှ သိရှိရပါသည်။

DOCA(မကွေး)