Main menu

စလေမြို့ရှိ "ပွင့်ကောင်း" ပဲကြော်လုပ်ငန်း၏ ထုတ်လုပ်မှုအခြေအနေ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး‌ရေးနှင့် စားသုံးသူကာကွယ်ပေး‌ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်”ဟူသော မျှော်မှန်းချက်သို့ရောက်ရှိစေရေးအတွက် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အဓိကဖြစ်သော ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်နေသကဲ့သို့ စားသုံးသူကာကွယ်ပေးရေးအတွက် အသိပညာပေးဆွေးနွေးပွဲများ၊ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ယှဉ်တွဲဆောင်ရွက်လျက်ရှိပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၅-၄-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်တို့သည် ချောက်ခရိုင်၊ စလေမြို့ရှိ “ပွင့်ကောင်း” ပဲကြော်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်း၍ ထုတ်လုပ်မှုအခြေအနေများကိုလေ့လာခဲ့ကြောင်းသိရှိရပါသည်။

       “ပွင့်ကောင်း” ပဲကြော်လုပ်ငန်းအနေဖြင့် တစ်ရက်လျှင် ကုန်ကြမ်းပဲကြီးပိဿာ (၃၀)ပိဿာပါ (၃၀)အိတ်၊ ကုန်ချိန်ပိဿာ(၉၀၀)ပိဿာခန့်ကြော်ရပြီး ကုန်ချောပိဿာ(၈၇၅)ပိဿာခန့်ထွက်ရှိကြောင်း၊ ထွက်ရှိသောကုန်ချောပဲကြော်များကို ပိဿာ(၃၀)ပိဿာဝင်အိတ်များဖြင့်ထည့်၍ ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်းချကြောင်း၊ အိမ်၌လည်း လက်လီရောင်းချကြောင်း၊ ကုန်ကြမ်းပဲကြီးပိဿာ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)ဖြင့်ဝယ်ယူရပြီး ကုန်ချောပဲကြော် (၁) ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၀၅၀၀)တို့ဖြင့် ပြန်လည်ရောင်းချကြောင်းသိရှိရပါသည်။

       လုပ်သားအင်အားအနေဖြင့် အမျိုးသား(၅)ဦးနှင့် ပဲခွံချွတ်အမျိုးသမီး (၉၀)ဦးရှိကြောင်း၊ အမျိုးသား (၁)ဦးကို တစ်ရက်လျှင် ကျပ်(၉၀၀၀)ပေးချေရပြီး အမျိုးသမီးပဲခွံချွတ်သူများအား (၁)ပိဿာလျှင် ကျပ်(၂၀၀)နှုန်းဖြင့် အမျိုးသမီး (၁)ဦးကို တစ်ရက်လျှင် အနည်းဆုံးပိဿာ (၂၅)ပိဿာခန့်ပြီးစီး၍ လုပ်အားခအနေဖြင့် တစ်ရက်လျှင် ကျပ်(၅၀၀၀)အနည်းဆုံးရရှိကြောင်းလေ့လာသိရှိရပြီး “ပွင့်ကောင်း” ပဲကြော်လုပ်ငန်းအနေဖြင့် မိမိစီးပွားရေးအဆင်ပြေစေရုံသာမက အနီးရှိရပ်ကွက်/ ကျေးရွာများမှ လုပ်သား(၁၀၀)ခန့်အား အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်သဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနေကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)