Main menu

မအူပင်ကျေးရွာရှိ ထောပတ်ပဲစိုက်တောင်သူများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျစ်ကိုင်းကျေးရွာအုပ်စုရှိ မအူပင်၊ အုတ်ဖို၊ ကျစ်ကိုင်း၊ သနပ်ဝကျေးရွာများသည် စပါး၊ နှမ်း၊ ကုလားပဲ၊ ပဲကြီး၊ ပဲစင်းငုံ၊ မြေပဲ၊ ဝါသီးနှံများအပြင် ချဉ်ပေါင်၊ ကျောက်ဖရုံ၊ ဘူး၊ ရွှေဖရုံ၊ သခွား၊ ပြောင်း၊ ငရုတ်၊ ရုံးပတီ စသောမီးဖိုချောင်သုံးသီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြကြောင်းသိရှိရပါသည်။

    မအူပင်ကျေးရွာ၌ ထောပတ်ပဲစိုက်တောင်သူ(၃၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၅၀၀)ဧကခန့်ရှိကြောင်းသိရပါသည်။ စိုက်ပျိုးမှုအနေဖြင့်  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး  (၄)လအကြာတွင် ရိတ်သိမ်းရကြောင်း၊ မိမိအနေဖြင့် ထောပတ်ပဲ(၅)ဧကခွဲစိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် မျိုး(၈)ပြည်ခန့်ကုန်ကျပြီး ထွန်တုံးဖြင့် ထွန်ကြောင်းဆွဲကာ မျိုးစေ့ချ၍ စိုက်ပျိုးကြောင်း၊ မျိုးကို ယခင်နှစ်တွင် ထောပတ်ပဲစိုက်ခင်းမှထွက်ရှိသည့် ထောပတ်ပဲများကို မျိုးအဖြစ်ဖယ်ချန်ကာ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊  ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် ကျပ်(၁၅၀၀၀၀)ခန့်ကုန်ကျခဲ့ပြီး ယခုနှစ်တွင်မှု သွင်းအားစုစရိတ်မြင့်တက်လာမှုနှင့်အတူ မြေပြုပြင်ခ၊ လုပ်အားခနှင့် ရိတ်သိမ်းခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် ထောပတ်ပဲစိုက်ခင်း(၁)ဧကလျှင် တင်း(၂၀) နီးပါးထွက်ရှိခဲ့ပြီး ယခုနှစ်တွင် (၂၅)တင်းထွက်ရှိကြောင်း၊ ယခင်နှစ်တွင် (၁)တင်းလျှင် အမြင့်ဆုံးဈေး ကျပ်(၇၀၀၀၀)အထိရရှိခဲ့ပြီး ယခုနှစ်တွင် ထောပတ်ပဲပေါ်စအချိန် ၂၀၂၄ခုနှစ်၊ မတ်လ(ပထမပတ်)၌ ကျပ်(၁၂၀၀၀၀)ဈေးနှုန်းရရှိခဲ့ပြီး ဧပြီလ (ဒုတိယပတ်)တွင် ထောပတ်ပဲ(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)ဈေးရရှိနေကြောင်း၊ ထွက်ရှိသည့် ထောပတ်ပဲများကို ပွင့်ဖြူမြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိသဖြင့် ထောပတ်ပဲစိုက်တောင်သူများမှာ ထိုက်သင့်သည့်အကျိုးအမြတ်များရရှိ၍ အဆင်ပြေလျက်ရှိကြောင်း မအူပင်ကျေးရွာတွင်နေထိုင်သည့် ထောပတ်ပဲစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)