Main menu

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ အ-ထ-က(၁)နှင့် အ-ထ-က(၂)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၄-၄-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ အ-ထ-က(၁)နှင့် အ-ထ-က(၂) ကျောင်းတွင် မွမ်းမံသင်တန်းတက်ရောက်နေသော မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ/ ဆရာမများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံက မိတ်ဆက်စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့ကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ ဆရာ/ဆရာမများအနေဖြင့် မိမိတို့ဟောပြောပွဲတက်ရောက်ခဲ့ရာမှ ရရှိသောအသိပညာများကို ကျောင်းသား/သူများအား လက်ဆင့်ကမ်းပြန်လည်မျှဝေပေးနိုင်ရေးရည်ရွယ်ပြီး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၆၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိပါသည်။

DOCA(ဧရာဝတီ)