Main menu

“မက်မန်းသီးစျေးနှုန်းစျေးကွက်”

Powered by Drupal

     ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံးနေရာ၌ (၂၀၅)ပေရှိ၍ အမြင့်ဆုံးနေရာ၌ (၄၂၉၅)ပေရှိပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပေါင်းစုံစိုက်ပျိုးဖြစ်ထွန်းသော ဒေသဖြစ်ပါသည်။ ၄င်းသီးနှံများအနက် မက်မန်းပင်မျာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၃၅၀၀) တွင် ကောင်းမွန်စွာဖြစ်ထွန်းလျက်ရှိသောကြောင့် ၎င်းကို ပြင်ဦးလွင်ဒေသတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ မက်မန်းပင်ကို ဇူလိုင်လနှင့် သြဂုတ်လများတွင် စတင်စိုက်ပျိုးပြီး မေလနှင့် ဇွန်လများတွင် အသီးခူးဆွတ်နိုင်ပါသည်။ မက်မန်းသီးကို မက်မန်းယို၊ တော်ဖီ၊ မက်မန်းချို၊ မက်မန်းချဉ်၊ မက်မန်းဝိုင်ပြုလုပ်ပြီး ပြည်တွင်းစျေးကွက်တွင်ရောင်းချသည့်အပြင် နယ်စပ်မှတစ်ဆင့် မလေးရှားသို့လည်းတင်ပိုကြောင်း မက်မန်းလုပ်ငန်းရှင်များထံမှတစ်ဆင့်သိရှိရပါသည်။ မက်မန်းသီးကို အကြမ်းအားဖြင့် သီးစားမျိုးနှင့် ဆားရည်စိမ်ဟူ၍ (၂)မျိုးခွဲခြားနိုင်ပါသည်။ မက်မန်းကုန်ကြမ်းကို ပြင်ဦးလွင်ရှိ အင်းထိပ်၊ ပန်းဥတောင်၊ ဆင်ဖြူအင်း၊ မျှော့တောကျေးရွာများအပြင် နောင်ချိုနှင့် အခြားမက်မန်းစိုက်တောင်သူများထံမှလည်းဝယ်ယူရရှိနိုင်ပါဿည်။ ယခင်နှစ်၌ မက်မန်းသီးအစိမ်း(၁)တင်းလျှင် (၇၀၀၀-၈၀၀၀)ကျပ်စျေးနှုန်းနှင့် ဆားစိမ်(၁)တင်းလျှင် (၁၆၅၀၀-၁၇၀၀၀)ကျပ်စျေးနှုန်းတို့ဖြင့်ဝယ်ယူရပါသည်။ စျေးကွက်တွင် မက်မန်းချို၊ မက်မန်းချဉ်၊ မက်မန်းယို၊ တော်ဖီတစ်ထုပ်လျှင် (၂၀၀-၅၀၀-၁၀၀၀)ကျပ်စျေးနှုန်းရှိပြီး မက်မန်းဝိုင် 750ml လျှင် (၁၂၀၀၀)ကျပ်၊ မက်မန်းဝိုင် 550ml လျှင် (၈၀၀၀)ကျပ်စျေးနှုန်းတို့ရှိကြောင်း၊ ပြင်ဦးလွင်တွင် မက်မန်းအပါအဝင် ယိုစုံလုပ်ငန်းရှင် (၃၇)ဦးရှိပါသည်။ ယခုအချိန်တွင် မက်မန်းထွက်ရှိမှုမရှိသေးသော်လည်း လာမည့်မေလတွင် စတင်ထွက်ပေါ်မည့် မက်မန်းစျေးနှုန်းများမှာ အနည်းငယ်မြင့်တက်ဖွယ်ရှိပါကြောင်း မက်မန်းလုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(မန္တလေး)