Main menu

ပခုက္ကူမြို့တွင်ဖြစ်ပေါ်နေသော မန်ကျည်းသီးမှည့်ဈေးကွက်

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် အစေ့လွတ်နှင့် အစေ့ပါ မန်ကျည်းသီးမှည့်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ၂၀၂၄ခုနှစ်၊ မတ်လ (စတုတ္ထပတ်) တွင် မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ မန်ကျည်းသီးအစေ့ပါ တစ်ပိဿာလျှင် ကျပ်(၂၅၂၀)၊ မန်ကျည်းသီးအစေ့မပါ တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၄၂၀၀)ရှိကြောင်းသိရှိရပြီး ယခင်မတ်လ(တတိယပတ်)ထက် ဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မန်ကျည်းသီးမှည့်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ အစေ့ပါနှင့် အစေ့လွတ်မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင်နှင့် လှောင်လက်သမားများကဝယ်ယူကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များက မန်ကျည်းသီးအချဉ်ရည်များပြုလုပ်ရန်အတွက်ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည်လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီလုပ်ငန်းရှင်များကလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)