Main menu

ကံမမြို့နယ်၏ နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တောင်ချောင်းဘက်ရှိ ကျေးရွာများမှာ မ‌ဒေးဆည်လှောင်တမံမှရရှိသော ဆည်ရေများဖြင့် နွေစပါး၊ မိုးစပါး၊ အခြားရာသီ သီးနှံမျိုးစုံများကိုစိုက်ပျိုးကြရာ နွေစပါးများကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် လျာထားဧက (၁၇၂၇)ဖြင့် ကျေးရွာအုပ်စု (၁၃)အုပ်စုလျာထားစိုက်ပျိုးပြီးဖြစ်ကြောင်း၊ နွေစပါးများကို မနောသုခ၊ မှော်ဘီ-၂နှင့် စပါးမျိုးများကို ယခင်နှစ်များတွင် စိုက်ပျိုးခဲ့ကြပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်းသည့် ဆာဖိုးသာစပါးမျိုးကိုသာ အဓိကထားစိုက်ပျိုးထားကြောင်း၊၂၀၂၄ခုနှစ်၊ မတ်လ (စတုတ္ထပတ်)အထိ နွေစပါးစိုက်ပျိုးပြီးစီးမှုဧက (၂၀၁၈)ဧကစိုက်ပျိုးထားရှိပြီးဖြစ်ကြောင်းသိရှိရပါသည်။

     နွေစပါးများကို ကျေးရွာအုပ်စု (၁၃)အုပ်စုဖြင့် လျာထားစိုက်ပျိုးလျက်ရှိရာ ကညင်တိုင်း (၁၀၁)ဧက၊ ငမဲ (၇၄)ဧက၊ ပွတ်စု (၂၃၁)ဧက၊ ထန်းကောက်-၁ (၂၀၇.၀၄)ဧက၊ ထန်းကောက်-၂ (၄၀.၉၆)ဧက၊ ဇီးတော (၉၅)ဧက၊ စံပယ်ခြုံ (၃၇၆)ဧက၊ ကဒူးပြင် (၁၇၇)ဧက၊ အလယ် (၁၁၄)ဧက၊ ကျောက်မဲ (၂၀၇)ဧက၊ ပျဉ်ထောင် (၄၃)ဧက၊ စီ (၁၁၁)ဧက၊ ကြို့ပင်(၂၆)ဧက၊ မဒေးဆည်ရေသောက်ဖြင့် စုစုပေါင်း (၁၈၀၃) ဧကစိုက်ပျိုးထားရှိပြီးဖြစ်ကြောင်းနှင့် ခြောက်ထောင့်ဆိုလာလျှပ်စစ်ရေတင်စနစ်ဖြင့် အုပ်ရှစ်ချိုကျေးရွာ၌ (၂၁၅)ဧကစိုက်ပျိုးထားရှိပြီး စုစုပေါင်း (၂၀၁၈)ဧကလျာထားချက်ထက် ကျော်လွန်စိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုရေးဦးစီးဌာနမှသိရှိရပါသည်။

DOCA(မကွေး)