Main menu

ကန့်ဘလူမြို့တွင် စားအုန်းဆီများကို ပြည်သူများအား ဈေးနှုန်းသက်သာစွာရောင်းချပေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကကြီးကြပ်၍ (၃.၄.၂၀၂၄) ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ စားသုံးသူ ပြည်သူများအား ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ စားအုန်းဆီများကို ရောင်းချပေးရာတွင် စားအုန်းဆီ (၁)ပိဿာလျှင် ၅၉၅၀ ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင်(၁)ပိဿာနှုန်း လက်ဝယ်အရောက်ရောင်းချပေးခဲ့ပြီး ပြည်သူ(၂၁၂၃)ဦးအတွက် စားအုန်းဆီ ၂၁၂၃ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)