Main menu

ကန့်ဘလူမြို့ပေါ်ရှိ ဆေးဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၃.၄.၂၀၂၄)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ‌ဆေးနှင့်ဆေးပစ္စည်း ရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိ၊ စံမညီဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။ ထိုသို့အထူး ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ပြုလုပ်ပါက ဥပဒေအရအရေးယူခြင်းခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)