Main menu

သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှုအခြေအနေ

Powered by Drupal

       သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၄ခုနှစ်၊ မတ်လ နောက်ဆုံးပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အကျဘက်သို့ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်/မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၇၅၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၁၀၀) အိတ်ခန့်၊ စုစုပေါင်း(၅၈၅၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၈၀) တန်ခန့်စီးထွက်ခဲ့ပါသည်။ ယခုဧပြီလ ပထမပတ်တွင် မော်လမြိုင်ခရိုင်သို့ (၄၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း(၆၁၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၉၅) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပို၍ စီးထွက်ခဲ့ပါသည်။

      သထုံခရိုင်အတွင်းသို့ မတ်လ နောက်ဆုံးပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၂၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၅၄) တန်ခန့်စီးဝင်ခဲ့ပြီး၊ ယခုဧပြီလ ပထမပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၆၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၆၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၃) တန်ခန့်စီးဝင်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပို၍ စီးဝင်ခဲ့ပါသည်။

     သထုံခရိုင်အတွင်း၌ မတ်လ နောက်ဆုံးပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေးများမှာ ကျားပျံဟိုတယ် (၃၆၅၀၀၀၀)ကျပ်ခန့်၊ ပေါ်ဆန်းဝါ (၃၄၀၀၀၀၀) ကျပ်ခန့်၊ ကမာကြည် (၂၆၅၀၀၀၀)ကျပ်ခန့်၊ ဧည့်မထ (၂၀၀၀၀၀၀)ကျပ်ခန့်နှင့် (၂၄)ပြည်ဝင်ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၁၅၀၀၀)ကျပ်ခန့်၊ ပေါ်ဆန်းဝါ (၁၀၈၀၀၀) ကျပ်ခန့်၊ ကမာကြည် (၁၀၀၀၀၀)ကျပ်ခန့်၊ ဧည့်မထ (၇၅၀၀၀)ကျပ်ခန့်ဖြင့် စပါးဆန်ဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)