Main menu

“မြ” တံဆိပ် အိုင်အိုဒင်းဆားစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်မှ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုသည် ၂၀၂၄ခုနှစ်၊ ဧပြီလ (၂) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရွှေမြိုင်သီရိ စက်ကွင်းရပ်ကွက်ရှိ “ မြ” တံဆိပ် အိုင်အိုဒင်းဆားစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆားကုန်ကြမ်းပြတ်လပ်မှုရှိ/မရှိ၊ ကုန်ကြမ်းဝယ်ယူသည့်နေရာ၊ အလုပ်သမားအရေအတွက်နှင့် အလုပ်သမားခက်ခဲမှုရှိ/မရှိ၊ ဆားလုပ်ငန်း၏ တစ်ရက် ထုတ်လုပ်မှုပမာဏ၊ အော်ဒါရရှိမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်းရှင်များအနေဖြင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပ‌ဒေ ၂၀၁၉၊  အခန်း(၁၈) တွင်ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များကို ပြည့်စုံမှန်ကန်စွာဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသောကုန်စည်များအား ရောင်းချခွင့်မရှိကြောင်းနှင့် ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)