Main menu

မုဒုံမြို့နယ်တွင် စားအုန်းဆီရောင်းချမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည်   မြို့နယ်ကြီးကြပ်ရေးကော်မတီအဖွဲ့နှင့်ပူးပေါင်း၍ (၂-၄-၂၀၂၄) ရက်နေ့တွင် မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်တွင် လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီဆိုင်များကို ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ အလွယ်တကူရရှိနိုင်ရန်နှင့် ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ဈေးကွက်ကွင်းဆင်းရာတွင် စားသုံးသူပြည်သူများ စားအုန်းဆီများကို ဈေးနှုန်းမှန်ကန်စွာ အခက်အခဲမရှိဘဲ ဝယ်ယူစားသုံးနိုင်ရေးအတွက် လက်လီ/ လက်ကားရောင်းချနေသည့် စားအုန်းဆီဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ ခွဲဝေရရှိသည့်အရေအတွက်အတိုင်း ရောင်းချပေးခြင်းရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ခွဲဝေရရှိသည့်အရေအတွက်အတိုင်း ရောင်းချပေးနေကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)