Main menu

သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူ/သင်တန်းသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဧပြီလ (၂) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊ စက်မှုဇုန်ရှိ ကောင်းထက်အိုင်အိုဒင်းဆားလုပ်ငန်းစက်ရုံလုပ်ငန်းများအား ကွင်းဆင်းလေ့လာသည့် သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူ/သင်တန်းသား(၆၀)ဦးအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပ‌‌‌‌ဒေပါ စားသုံးသူများ၏အခွင့်အရေးများ၊ ကုန်စည်များဝယ်ယူအသုံးပြုသည့်အခါ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော အစားအသောက်များကိုသာဝယ်ယူစားသုံးသင့်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များကိုရွေးချယ်ဝယ်ယူသင့်ကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများအပေါ် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လျှင် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ consumer call center (1535) သို့လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုအပေါ် ဆက်သွယ်ဖြေရှင်းဆောင်ရွက်ခဲ့သည်များအား ရှင်းလင်းဆွေး‌နွေးခဲ့ပါသည်။

       ဆက်လက်၍ စီးပွား‌ရေးလုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှ ရောင်းချလိုလျှင် ရောင်းချမှုအတွက် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့်လည်း လိမ်လည်လှည့်ဖျားခြင်းမခံရစေရန် အွန်လိုင်းမှစျေးဝယ်လျှင် မှတ်ပုံတင်ထားသော လုပ်ငန်းများမှသာ ဝယ်ယူအသုံးပြုကြရန်ဆွေးနွေးခဲ့သည်။ ထို့နောက် သင်တန်းသား/သင်တန်းသူများ၏ စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များမေးခြင်းအပေါ်  ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)