Main menu

ကျွန်းလှမြို့ “ရှိန်းရှိန်း”မုန့်မျိုးစုံနှင့် အကြော်စုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၂)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “ရှိန်းရှိန်း” မုန့်မျိုးစုံနှင့် အကြော်စုံလုပ်ငန်းရှင်များနှင့်  သွားရောက်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက အသင့်စားရသုံးရသောမုန့်များဖြစ်သည့်အတွက် ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူအကာအကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၅)၊ ပုဒ်မ(၂၈)အရ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်ပစ္စည်းများပေါ်တွင်ာ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကို ဖော်ပြထားခြင်းရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ကြပါသည်။  

    ထိုသို့သွားရောက်စစ်ဆေးရာတွင် “ရှိန်းရှိန်း” မုန့်မျိုးစုံနှင့် အကြော်စုံလုပ်ငန်းသည် အသင့်စားရသောမုန့်များဖြစ်သည့်အတွက် မုန့်များထုတ်လုပ်မှုအဆင့်ဆင့်၌ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် မုန့်များထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်အတွက် မိမိတို့စာသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသောလုပ်ငန်းရှင်များ၊ မုန့်မျိုးစုံလုပ်ငန်းများနှင့် အစားအသောက်ထုတ်လုပ်နေသည့် လုပ်ငန်းရှင့များကိုလည်း ဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် အခမဲ့ကူညီဆောင်ရွက်ပေးနေကြောင်း စကားလက်ဆင့်ကမ်းပြောကြားပေးရန်နှင့်  ဒေသထွက်“ရှိန်းရှိန်း” မုန့်မျိုးစုံနှင့် အကြော်စုံလုပ်ငန်းများမှ ထုတ်လုပ်နေသော အမှတ်တံဆိပ်အားစိစစ်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသေးသဖြင့် ပြည့်စုံအောင် ဖြည့်သွင်းကူညီဆောင်ရွက်ပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် တိုက်တွန်းပြောကြားကာ “ရှိန်းရှိန်း” မုန့်မျိုးစုံနှင့် အကြော်စုံထုတ်လုပ်သည့် လုပ်ငန်းရှင်တို့က ကုန်အညွှန်းအမှတ်အသားလျှောက်ထားခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ပြည့်စုံစွာပါရှိသည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)