Main menu

ကျွန်းလှမြို့ ”ပေါ်ဦး “သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် မိတ်ဖက်ဌာနများနှင့်အူ ၂၀၂၄ခုနှစ်၊ ဧပြီလ(၁)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ အင်ကြင်းမြိုင်ရပ်ကွက်ရှိ “ပေါ်ဦး” သောက်ရေသန့်စက်ရုံ လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ အလုပ်သမားအရေအတွက်၊ တစ်ရက်ထုတ်လုပ်မှုပမာဏများ၊ စက်ရုံသို့ဆက်သွယ်ရမည့်သူ၏ အမည်နှင့်ဖုန်းနံပါတ်များ၊ စက်ရုံတည်နေရာနှင့် စက်ရုံလည်ပတ်မှုတန်ဖိုးများကိုမေးမြန်းခဲ့ပြီး ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူအကာအကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၅)၊ ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် တာဝန်ယူမှု/ တာဝန်ခံမှုရှိစေရန်၊ “ပေါ်ဦး”သောက်ရေသန့်စက်ရုံအနေဖြင့်  သောက်ရေသန့်ထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် သောက်ရေသန့် ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားအသေးစိတ်စိစစ်ချက်များကို ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်နှင့် စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)