Main menu

မြိတ်မြို့ရှိ အုန်းပျိုဆီထုတ်လုပ်သောစက်ရုံသို့ ကုန်ကြမ်းပစ္စည်းပြတ်လတ်မှုရှိ/မရှိ ကွင်းဆင်းစုံစမ်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် မြိတ်မြို့၊ ရေပုန်းရပ်ရှိ အုန်းပျိုဆီထုတ်လုပ်သောစက်ရုံသို့ သွားရောက်၍ လုပ်ငန်းနှင့် စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ သွားရောက်စုံစမ်းခဲ့ကြပါသည်။

      အဆိုပါ ကွင်းဆင်းစုံစမ်းချက်အရ အုန်းပျိုဆီထုတ်လုပ်သော လုပ်ငန်းသည် သဘာဝဖြစ်သော အုန်းသီးများမှ ရရှိပြီး ၎င်းလုပ်ငန်းအတွက် သုံးစွဲရသောအပိုပစ္စည်းများသည် တရုတ်နိုင်ငံမှ ဝယ်ယူရရှိသည့်အတွက် ကုန်ကြမ်းပစ္စည်းများအနေနှင့် ပြတ်လပ်မှုမရှိသေးကြောင်း သိရှိရပြီး ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး ပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များ  ဖြန့် ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)